နှင်းတွေတဖွဲဖွဲကျတုန်းကပေါ့
သူမနှင့် စတွေ့ခဲ့တယ်........မကြာသေးခင် အချိန်တွေကပေါ့
သူမက ပြောခဲ့တယ်
အချိန်ဆိုတာ လူတွေရဲ့ ကန့်သတ်မူ့တခုတဲ့
သူမနဲ့ကျွန်တော်ရဲ့ ရင်ခုန်သံ
စည်ချက်တွေက ထပ်တူကျလို့
လူချင်းကတော့ သူမပြောနေကျလို
ပဲခူးနှင့်သန်လျင် ဝေးနေသလိုပါဘဲ
ဒါပေမယ့် ...........
ကျွန်တော်တို့ ရင်ဘတ်တွေက
မြုမှုန်စာလောက်တောင် မဝေးကြပါဘူး..
တကယ်တော့ ဟုတ်ပါတယ်...
မင်းနဲ့ငါ က အဖြုတိမ်တိုက်တွေရဲ့အောက်မှာ
အတူတူရှင်သန်ခွင့် ရနေကြတာပါ...
အဖြူရောင် လွပ်လပ်ခွင့်တွေ....
အဖြူရောင်သံယောဇဉ်တွေ....
အဖြူရောင်ရိုးသားမူ့တွေ...
အဖြူရောင် အနာဂတ်တွေနဲ့...
အဖြူရောင်..............
( မှတ်ချက်။ ။ ခေါင်းစဉ်လေးကိုတော့ သူမကဘဲမွေးဖွါးပေးခဲ့တာပါ......)